What's happening?

Video Sources 12 Views Report Error

  • Watch traileryoutube.com
  • The Forbidden Kingdom ဇာတ်ကားကြည့်ရန်
The Forbidden Kingdom

The Forbidden Kingdom

The battle for eternity is the fantasy of a lifetime.Apr. 17, 2008China104 Min.PG-13
Your rating: 0
9 1 vote

Synopsis

ဟောလိဝုဒ်က အာရှအက်ရှင်ဖိုက်တင်ခန်း | The Forbidden Kingdom (2008)

Bruce Lee မရှိတော့တဲ့နောက်ပိုင်းမှာ တရုတ်အက်ရှင်လောကမှာ ဟောလိဝုဒ်ကိုတက်သွားနိုင်တဲ့ သရုပ်ဆောင်တွေက တော်တော်လေးကျသွားတယ်လို့ပြောရမယ်။ ဂျက်ကီချန်း၊ ဂျက်လီ၊ ဒွန်နီယန်း၊ မီရှဲယို တို့အပြင် ဒန်နီရယ်ဝူတို့လည်း ဟောလိဝုဒ်အထိတက်လာနိုင်တယ်ပြောရမှာပဲ။

သိုင်းရုပ်ရှင်တွေကြိုက်တဲ့ပရိသတ်တိုင်းရဲ့အိပ်မက်တစ်ခုက နာမည်ကြီးတဲ့ အက်ရှင်မင်းသားတွေ ဘတစ်ပြန်ကျားတစ်ပြန်၊ သူသေကိုယ်သေအကြိတ်အနယ်ထိုးကြကြိတ်ကြတာကို အရသာရှိရှိကြည့်ရှုချင်ကြတာပါပဲ။ တရုတ်ရုပ်ရှင်လောကမှာတော့ ကျန်းရိမုံကြီးက Hero မှာ လျန်ကျီးဝေ၊ ဂျက်လီ၊ ဒွန်နီယန်းတို့ကိုဆုံပေးပြီး ဖိုက်တင်ချခိုင်းသလို တခြားတခြားတရုတ်အက်ရှင်တွေမှာလည်း နာမည်ကြီးတဲ့ခေါင်းကြီးပိုင်းမင်းသားတွေကို ခဏခဏသူသေကိုယ်သေဖိုက်ခိုင်းတာတွေရှိခဲ့တယ်။

နာမည်ကျော် Journey to the West ဝတ္ထုကို တရုတ်ကရော၊ ဟောလိဝုဒ်ကပါ ဗားရှင်းပေါင်းစုံနဲ့ ရိုက်ကူးဖန်တီးခဲ့သလို မျိုးစုံသောရသတွေနဲ့ ဖန်တီးမှုတွေကို ပရိသတ်တွေကြည့်ရှုခဲ့ရတယ်။ အထူးသဖြင့် Disney ရဲ့ American Born Chinese ဆိုတာကတော့ Journey to the west ကိုမှ post-journey ကို ကောင်းကောင်းပြသနိုင်ခဲ့တဲ့ series တစ်ခုလို့ပြောရမယ်။

တရုတ်ဗားရှင်းတွေထဲမှာ ဝူခုန်းကို ရှုထောင့်ပေါင်းစုံကနေပြခဲ့သလို Stephen Chow ကြီးရဲ့ Journey to the West ဗားရှင်းကလည်း ပုံမှန်မြင်နေကျဝူခုန်းတွေကနေကွဲထွက်ပြီး ကြည့်လို့ကောင်းခဲ့တာပါပဲ။

ဒါပေမယ့် ဟောလိဝုဒ်ရဲ့ဝူခုန်းဗားရှင်းသစ်တစ်ခုကတော့ တော်တော်သဘောကျဖို့ကောင်းတယ်လို့ပြောရမယ်။ ဘာလို့ဆို ဝူခုန်းကို ဟောလိဝုဒ်ရဲ့ဆန်းသစ်မှုပုံစံနဲ့ ဇာတ်လမ်းတည်ဆောက်ထားတဲ့အပြင် ဟောင်ကောင်အက်ရှင်သရုပ်ဆောင်ရဲ့ထိပ်သီးနှစ်ယောက်ကိုပါထည့်သုံးထားပြီး ဆွဲဆောင်ထားနိုင်ခဲ့လို့ပါပဲ။

ဘယ်ရုပ်ရှင်ကိုပြောတာလဲဆိုတော့ ၂၀၀၈ က ထွက်ခဲ့တဲ့ The Forbidden Kingdom ကို ပြောတာပါ။ Jackie Chan ကိုရော၊ Jet Li ကိုပါ ထည့်သုံးထားပြီး သူတို့နှစ်ယောက်ရဲ့ဖိုက်တင်ခန်းကို ကောင်းကောင်းကြီးပြထားလို့ပါပဲ။ ၂၀၀၃ က ထွက်ခဲ့တဲ့ Shanghai Knights က Jackie Chan နဲ့ Donnie Yen ရဲ့ ဖိုက်တင်ခန်းအပြီးမှာ တကယ့်ထိပ်သီးအက်ရှင်မင်းသားကြီးနှစ်ယောက် အသေအကြေတိုက်ကြခိုက်ကြတာကို အားရပါးရကြည့်ခွင့်ရလိုက်တာပါ။

The Forbidden Kingdom ရဲ့ ဝူခုန်းဗားရှင်းက ထန်စမ်း၊ ပါကျဲ၊ ဝူကျင့်တို့မပါပါဘူး။ ဝူခုန်းတစ်ယောက်တည်းနဲ့ ဇာတ်လမ်းကိုစခဲ့တာပါ။ ထုံးစံအတိုင်း ဝူခုန်းကကောင်းကင်ဘုံနဲ့ပြဿနာဖြစ်တယ်။ ဒါပေမယ့် ကောင်းကင်ဘုံရဲ့ဘုရင် ကျောက်စိမ်းဧကရာဇ်က ဝူခုန်းကိုဒီတိုင်းလွှတ်ထားပေးဖို့ပဲလုပ်လိုက်တယ်။ ကျောက်စိမ်းဧကရာဇ်က နှစ်ငါးရာတရားထိုင်သွားတဲ့အချိန်မှာ သူ့လက်ထောက် ကျောက်စိမ်းစစ်သူကြီးကို အရိုက်အရာခဏလွှဲပေးခဲ့တယ်။ အဲအချိန်မှာ ဝူခုန်းကို ကျောက်စိမ်းစစ်သူကြီးက by 1 စိန်ခေါ်တယ်။ ဝူခုန်းရှုံးပြီးကျောက်တုံးဖြစ်သွားတယ်။ အဲဒီအချိန်မှာ ဝူခုန်းရဲ့တုတ်က လူ့ပြည်ကိုရောက်လာပြီး တိမ်မြုပ်ပျောက်ကွယ်နေတယ်ဆိုပါစို့။………..

ဂျက်ကီချန်းနဲ့ ဂျက်လီတို့ဖိုက်ကြတဲ့အခန်းက တော်တော်လေးရက်စက်သလို ကြည့်ရတာလဲရင်ခုန်ဖို့ကောင်းတယ်။ ဂျက်ကီချန်းရဲ့သိုင်းကွက်တွေက အလှုပ်သဘောနဲ့ထိလိုက်တာနဲ့သေကွက်သေကွင်းကိုတိုက်ခိုက်နိုင်သလို ဂျက်လီကလည်း အရင်ကရုပ်ရှင်တွေလိုပဲ အမာခံတိုက်ခိုက်မှုနဲ့ရန်သူကိုအနိုင်ယူနိုင်တယ်။ သဘောအကျမိဆုံးအချက်က ဘယ်သူကဘယ်သူ့ကိုနိုင်သွားတယ်ဆိုတာမျိုးမပြပဲ နှစ်ဖက်စလုံး သရေပြသွားတဲ့အချက်ပါပဲ။ ပြောရရင် ဒါကလည်း လေးစားမှုတစ်ရပ်ပေါ့။ ထိုက်ကျိချွမ်ပုံစံမျိုးတွေလည်းသုံးသွားသလို ဓားခုတ်ကောင်၊ ကျား စတဲ့ မျိုးစုံသောကွန်ဖူးဟန်တွေအပြင် နာမည်ကျော်အရက်မူးသိုင်းတွေကိုလည်း ချပြခဲ့တာပါ။ ဘုရားကျောင်းတစ်ခုနောက်ခံထားပြီး အာရှအက်ရှင်မင်းသားနှစ်ယောက်ရဲ့ သူသေကိုယ်သေဖိုက်တင်ခန်းကို ဟောလိဝုဒ် shot တွေနဲ့ ကြည့်ခွင့်ရတာ တော်တော်အရသာရှိခဲ့တာပါ။

The Forbidden Kingdom ကို ပြောရရင် Liu Yifei, Li Bingbing နဲ့ Collin Chou ကိုပါ ထည့်ပြောရမှာပါ။ Collin Chou ကလည်း တော်ရုံသောက်ပေါမင်းသားမှမဟုတ်တာ။ ဒီဘဲကလည်း The Forbidden Kingdom မှာ ဇာတ်ကိုကောင်းကောင်းကြီး carry နိုင်ခဲ့တယ်။ သရုပ်ဆောင်ချက်တွေကလည်း ဗီလိန်တစ်ယောက်ရဲ့ဟန်ပန်ကိုပီပြင်စေခဲ့တယ်။

The Forbidden Kingdom ရဲ့ ဇာတ်လမ်းတည်ဆောက်ပုံကလည်း mystery သမားတွေအတွက်၊ conspiracy သီအိုရီတွေထုတ်ရတာကိုကြိုက်တဲ့လူတွေအတွက် ပုစ္ဆာအများကြီးပေးနိုင်တယ်။ ဥပမာ Jason ကြုံခဲ့ရတာ တကယ်ဖြစ်ခဲ့တာလား၊ အိပ်မက်တစ်ခုလား။ ဝူခုန်းရဲ့လက်နက်က portal တစ်ခုကိုဖွင့်ပေးနိုင်ခဲ့လား။………..

အနှစ်ချုပ်ရရင်တော့ အရှေ့တိုင်းရိုးရာပုံပြင်တစ်ပုဒ်ကို ဥရောပဒဏ္ဍာရီတွေနဲ့ရောသုံးပြီး အင်္ဂလိပ်ဘာသာစကားနဲ့ ရိုက်ကူးထားတဲ့ ဒီဟောလိဝုဒ်ရုပ်ရှင်က အာရှအက်ရှင်မင်းသားတွေရဲ့ဖိုက်တင်ခန်းကတော့ စာတင်လောက်စရာကောင်းအောင်ခမ်းနားတာပါပဲ။

***********************************

***********************************

🤩 Max Win ကြည့်ရန် (https://t.me/apt789maxwin

🤩 APT789 Official (https://t.me/apt789mm)  

🤩 ဇာတ်ကားပေါင်းစုံ (https://t.me/addlist/yiITCjCwyOxmODY1)

🤩 ဆင်းရဲသားကားများ (https://t.me/addlist/whj_wYl4RmVlYmU1

🤩 Game Link (https://www.apt789.com/)

📣 ဆက်သွယ်ရန် 📣

📱Viber Bot (https://cutt.ly/ZeTr0b5e)  
📱TelegramBot (https://t.me/APT789Bot)
📱Viber – 09449361155 
📱Telegram – @apt789admin1 (https://t.me/apt789admin1)
📱Facebook Page (https://www.facebook.com/apt789)
📱Messenger (https://m.me/apt789)

The Forbidden Kingdom
The Forbidden Kingdom
The Forbidden Kingdom
The Forbidden Kingdom
The Forbidden Kingdom
The Forbidden Kingdom
The Forbidden Kingdom
The Forbidden Kingdom
The Forbidden Kingdom
The Forbidden Kingdom
Original title The Forbidden Kingdom
IMDb Rating 6.5 111,832 votes
TMDb Rating 6.616 1,762 votes

Director

Rob Minkoff
Director

Cast

Jackie Chan isOld Hop / Lu Yan
Old Hop / Lu Yan
Jet Li isThe Silent Monk / The Monkey King
The Silent Monk / The Monkey King
Michael Angarano isJason Tripitikas
Jason Tripitikas
Liu Yifei isGolden Sparrow / Chinatown Girl
Golden Sparrow / Chinatown Girl
Li Bingbing isNi Chang a.k.a White-Haired Witch
Ni Chang a.k.a White-Haired Witch
Collin Chou isJade Warlord
Jade Warlord
Thomas McDonell isYoung Southie
Young Southie
Juana Collignon isSouthie Girl
Southie Girl

Similar titles

Halabala
Room Salon College Girls 3
K.G.F: Chapter 2
The Amateur
The Green Mile
Skiptrace
Tehran
Hello!
Lone Survivor
The Bad Guys 2
Son of the Mask
The Addams Family

Leave a comment

Name *
Add a display name
Email *
Your email address will not be published