
IMDb Rating (5.9) / Rotten Tomatoes (52%)
ဒီရုပ်ရှင်က နွေရာသီမှာ သည်းထိတ်ရင်ဖိုနဲ့ ဟာသရောထားတဲ့ ကားလေးတစ်ကားပါ။ဒီဇာတ်ကားကို Finn Wolfhard နဲ့ Billy Bryk ဆိုတဲ့ လူငယ်နှစ်ယောက်က ရေးသားရိုက်ကူးထားပြီး သူတိုပဲ သရုပ်ဆောင်ထားသေးပါတယ်။
ဇာတ်လမ်းက Camp Pineway ဆိုတဲ့ နွေရာသီ ကလေးတွေအပန်းဖြေစခန်းမှာ ဖြစ်ပျက်တာပါ။ဇာတ်လမ်းစတော့ စခန်းပိုင်ရှင်နှစ်ယောက်ဖြစ်တဲ့ John နဲ့ Kathy တိုဟာ ညတစ်ညမှာ ရုတ်တရက် နတ်ဆိုးမျက်နှာဖုံးနဲ့ လူသတ်သမားတစ်ယောက်ရဲ့ တိုက်ခိုက်ခြင်းကို ခံလိုက်ရပြီး သေဆုံးသွားရာကနေ အစပြုတယ်။နောက်နေ့မှာ အသက် ၂၄ နှစ်အရွယ် Jason Hochberg ဆိုတဲ့ စခန်းကြီးကြပ်ရေးမှူးတစ်ယောက်က သူ့ရဲ့ ဆယ်ကျော်သက် လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်မပြေတာကိုပဲ စိတ်ပူနေရင်း စခန်းကို ရောက်လာတယ်။ဒါပေမယ့် သူမသိတာက ဒီလူသတ်သမားက စခန်းထဲမှာ လှည့်လည်နေပြီး ကြီးကြပ်ရေးမှူးတွေကို တစ်ယောက်ပြီး တစ်ယောက် ရက်ရက်စက်စက် သတ်ဖြတ်နေတာပဲ။ဒီရုပ်ရှင်က ၁၉၈၀ ခုနှစ်က Friday the 13th လို ဂန္ထဝင်စခန်းအခြေပြု သည်းထိတ်ရင်ဖိုရုပ်ရှင်တွေကို ဂုဏ်ပြုထားတဲ့ ဟာသပါတဲ့ ဇာတ်လမ်းမျိုးပါ။သတ်ဖြတ်ခန်းတွေကို ရုပ်ရှင်ထဲမှာ သိပ်ပြတာမဟုတ်ဘဲ မျက်နှာဖုံးနဲ့ လူသတ်သမားရဲ့ လှုပ်ရှားမှုတွေကို ခပ်သွက်သွက်နဲ့ ဟာသလေးနှောပြီး ရိုက်ပြထားတယ်။Jason နဲ့ သူ့ရဲ့ စခန်းက သူငယ်ချင်းတွေက ဒီလူသတ်သမားကို ဘယ်လိုရင်ဆိုင်မလဲ ဘယ်သူက ဒီမျက်နှာဖုံးနောက်က ဖြစ်နိုင်မလဲဆိုတာကို ကြည့်ရှုရတာ တကယ်ကို စိတ်ဝင်စားဖို ကောင်းပါတယ်။ဒီဇာတ်ကားက အရမ်း ကြောက်စရာမဟုတ်ဘူး ဒါပေမယ့် လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါး ဟာသတွေနဲ့ စခန်းထဲက ရယ်စရာ အပြန်အလှန်ဆက်ဆံမှုတွေက ကြည့်လိုအတော်ပျော်ဖိုကောင်းတယ်။ဂန္ထဝင်သည်းထိတ်ရင်ဖိုကားတွေကို သဘောကျရင် ဒီကားလေးက လက်မလွှတ်သင့်တဲ့ ရွေးချယ်မှုတစ်ခုပါပဲ။
**************************************
**************************************
နာမည်ကြီး အရည်အသွေးမြင့်ဇာတ်ကားကောင်းများကို Telegram Join ထားပြီးကြည့်ရှူနိုင်ပါသည်
🤩18+ Channel – https://t.me/addlist/pBNT857tWHU2NmY1
🤩Movie Channel – https://t.me/addlist/S7KEyJfmN_9hZGZl
😧😦😯🙄Online Game Channels များမှာဆက်သွယ်ပီးအကောင့်ဖွင့်ကစားလိုရပါတယ်ရှင့်💯
APT789 Website ✔️
Join Channel –
https://t.me/addlist/nkOTydD8fOFhMjc9
📱ဆက်သွယ်ရန် – @apt789admin1