
The Animal ကားနဲ့ အသေခွီနေရအောင် လုပ်ခဲ့တဲ့ ဟာသမင်းသားကြီး Rob Schneider ရဲ့ အရင်ခေတ်က အခွီနောက်တစ်ကား လာပါပြီ။
ဒီဟာသကားလေးကတော့ အရင်တုန်းက ခဏခဏ ထွက်ရှိခဲ့သလိုယောက်ျားမိန်းမ နေရာချင်းလဲသွားတာမျိုးပါဒါကတော့ စိတ်ချင်းလဲတာ မဟုတ်ပဲ ခန္ဓာ ကိုယ်ကြီး လဲသွားတာဖြစ်လိုမင်းသားကြီး စကေးပြထားတဲ့ကားပါ။
ဇာတ်လမ်းလေးကတော့ ချောမောလှပပေမဲ့ သူများအပေါ် ယုတ်မာပြီးလူမုန်းများတဲ့ အထက်တန်းကျောင်းသူလေး ဂျက်ဆီကာ၊ ယောက်ျားလေးတွေကိုလည်း မယုံကြည်ပဲအပြိုင်ဆိုင်များ တိုက်ခိုက်ပြီး အကျင့်မကောင်းတဲ့ကောင်မလေးပေါ့။
သူဟာ ရှော့ပင်းမောလ်ထဲက ရှေးဟောင်းပစ္စည်းဆိုင်ကထူးဆန်းတဲ့နားကပ်လေး တွေ့ခဲ့ပါတယ်။ဒီနားကပ်လေးက ရှေးပဝေသနီကတည်းက မင်းသမီးတစ်ပါးကအိမ်ထောင်မပြုချင်တာကြောင့် အစေခံမလေးနဲ့ ခန္ဓာကိုယ်ချင်း လဲခဲ့တဲ့ မှော်နားကပ်လေးပေါ့။ နားကပ်လေးလှလို ဝယ်မယ်လုပ်တော့ဆိုင်ပိုင်ရှင်က မရောင်းတဲ့အခါ မရမက ခိုးခဲ့ပါတော့တယ်။
ဒါနဲ့ လမ်းကျ ဆီဖြည့်နေတဲ့အချိန် အပေအတေ သူခိုးဂျပိုးတစ်ယောက်နဲ့ တွေ့ဆုံကြပြီးနားကပ်တစ်ဖက်က သူ့ဆီပါသွားလို ညရောက်တော့ဟိုက ကမြင်းကြောထပြီး ကောက်ဝတ်လိုက်တဲ့အခါမှာတော့ဂျက်ဆီကာနဲ့ သူခိုးဂျပိုး ခန္ဒာကိုယ်တို လဲသွားခဲ့ပါတော့တယ်။
အဲဒီမှာ သူငယ်ချင်းဖြစ်သူ ဧပရယ်ရဲ့ အကူအညီနဲ့ ခန္ဒာကိုယ်ဘယ်လိုရအောင် ပြန်လုပ်မလဲဆိုတာကို မင်းသားကြီးRob Schneider ရဲ့ အခွီ သရုပ်ဆောင်ချက်တွေနဲ့အတူပျော်ပျော်ပါးပါး ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်ဗျ။
**************************************
🤩 Max Win ကြည့်ရန် (https://t.me/apt789maxwin)
🤩 APT789 Official (https://t.me/apt789mm)
🤩 ဇာတ်ကားပေါင်းစုံ (https://t.me/addlist/yiITCjCwyOxmODY1)
🤩 ဆင်းရဲသားကားများ (https://t.me/addlist/whj_wYl4RmVlYmU1)
🤩 Game Link (https://www.apt789.com/)
📣 ဆက်သွယ်ရန် 📣
📱Viber Bot (https://cutt.ly/ZeTr0b5e)
📱TelegramBot (https://t.me/pgm789bot)
📱Viber – 09449361155
📱Telegram – @apt789admin1 (https://t.me/apt789admin1)
📱Facebook Page (https://www.facebook.com/apt789)
📱Messenger (https://m.me/apt789)